ဇော်ဂျီဖောင့် သုံးပြုတဲ့သူများအတွက် သတိပြုရန်

အားလုံးပဲမင်္ဂလာပါ။ ဒီ ဝက်ဆိုက်မှာ မြန်မာလိုရေးထားတဲ့ဟာတွေကို မှန်မှန်ကန့်ကန့်ဖတ်လို့မရဘူးဆိုရင်တော့ ဖောင့်အမှန် မရှိလို့ဖြစ်ပါတယ်။ Sizangkamမှာ Unicode (ယူနီကုဒ်) ဖောင့်များတွေသုံးပြုပါတယ်။
Padauk
Myanmar 3
TharLon
ဆိုတဲ့ဖောင့်များကိုပဲသုံးလို့ရပါတယ်။ ဇော်ဂျီဖောင့်အတွက်ကျတော့ ဒီ စာမျက်နှာ တစ်ခုတည်းပဲရှိပါတယ်။ အင်တာနက်မှာ မြန်မာပြည်ကလူတွေ ဇော်ဂျီဖောင့်ကို ပိုပြီးသုံးတယ်ဆိုတာကို ကျွန်တော်တို့သိပါတယ်။ ဒါပေမဲ့ ဇော်ဂျီဖောင့်နဲ့ တရားဥပဒေဆိုရာပြဿနာတွေ ရှိတဲ့အတွက်ကြောင့်ရယ်၊ တိုင်းရင်းသူ၊တိုင်းရင်းသားများရဲ့ ဘာသာစကားတွေအတွက် အက္ခရာမပါတဲ့အတွက်ကြောင့်ရယ်၊ အနာဂတ်မှာ အောင်မြင်မှာမဟုတ်တဲ့အတွက်ကြောင့်ရယ်၊ နဲ့ Windows 8.1မှစပြီး ယူနီကုဒ်ဖောင့်တွေက အလိုအလျောက်ဖြစ်စွာ ပါဝင်တဲ့အတွက်ကြောင့်မို့လို့ ယူနီကုဒ်ဖောင့်တွေပဲသုံးပြုပါမယ်။

ဇော်ဂျီဖောင့်ကို မဖျက်ချင်ရင်တော့ ကျွန်တော်တို့ သဘောပေါက်နိုင်ပါတယ်။ အဲဒါကြောင့် မြန်မာယူနီကုဒ်ဖောင့်ကို မြင်ရချင်ရင်တော့ Saturngod ရဲ့ Taguu ဆိုတဲ့ browser pluginကို installထည့်လို့ရပြီး ဇော်ဂျီဖောင့် နဲ့ ယူနီကုဒ်ဖောင့် အတူတကွဖတ်လို့ရပါမယ်။ Firefox သုံးပါက ဒီမှာ ဒေါင်လုဒ်ဆွဲလိုက်ပါ။ Chrome သုံးပါက ဒီမှာ ဒေါင်လုဒ်ဆွဲလိုက်ပါ။ Install ပြီးရင်တော့ အကုန်လုံးအဆင်ပြေပါလိမ့်မယ်။

Mang Thian Khual

Leave a comment